ကျွန်ုပ်တို့၏ ကုန်းလမ်းကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများသည် လူကြီးမင်းတို့ကုန်စည်များပို့ဆောင်ရာတွင် လိုအပ်သည့်အတိုင်းညှိယူနိုင်ပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြစ်ပါသည်။ ပြည်တွင်း ထရပ်ကားဖြင့် ပို့ဆောင်မှုဆိုင်ရာ ဝန်ဆောင်မှုများတွင် တစ်နေရာမှ တစ်နေရာသို့ ကုန်ပို့ဆောင်ခြင်း၊ ဝယ်ယူသူတစ်ဦးက မှာယူထားသော နေရာအမျိုးမျိုးမှကုန်ပစ္စည်းများအားလုံးကို ထရပ်ကားတစ်စီးတည်းဖြင့် ကောက်ယူပို့ဆောင်ပေးခြင်းနှင့် အိမ်တိုင်ရာရောက် ကုန်စည်ဖြန့်ဝေခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် အာရှနိုင်ငံအများစု သို့/မှ နယ်စပ်ဖြတ်ကျော် ထရပ်ကားပြည့်ပို့ဆောင်မှု (FTL) နှင့် ထရပ်ကားအပြည့်မဟုတ်သောပို့ဆောင်မှု(LTL) ဝန်ဆောင်မှုများကိုလည်းဆောင်ရွက်ပေးပါသည်။